ကွန်ဟိန်းလွှတ်တော်ကိုယ်စားလှယ်က တစ်ဆင့်ခံကိုယ်စားလှယ်ခန့်အပ်မှုအပေါ် ဥပဒေနှင့်မညီဟု ဝေဖန်
မဲခေါင်၊ ဧပြီ ၇
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ၎င်း၏ကိုယ်စား တစ်ဆင့်ခံကိုယ်စားလှယ် ထပ်မံခန့်ထားခြင်းမှာ ရွေးကောက်ပွဲဥပဒေနှင့် မညီသည့်အပြင် လုပ်ပိုင်ခွင့် လွဲမှားနေကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူအချို့က ဝေဖန်ထောက်ပြနေကြသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် စိုင်းကျော်လှက ကွန်ဟိန်းမြို့နေ စိုင်းညွန့်ဝင်း (ခ) စိုင်းညိုကို ၎င်း၏ကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် မတ်လ ၂၁ ရက်က…